********************************
Monday, July 30, 2012
Saturday, July 28, 2012
အိပ်လို့မရတာမကြောင့်
ရင်တစ်ခုလုံးပြည့်နက်သွားအောင်လေ
မ၀ံ့မရဲမပွင့်တစ်ပွင့်ပြောနေတဲ့
မစကားနားထောင်ရတာ
ရင်ခုန်သံတွေဘလောင်ဆူနေပြီ
ဒီလိုသာနှောင့်နှေးနေရင်
ရင်မောရတော့မယ်"မ"ရယ်
အကြည့်လေးတစ်ချက်မျက်ဝန်းလေးတစ်စုံ
ဘယ်သူမှဝေမျှမပေးနိုင်ဘူး
ဖြစ်နိုင်ရင်မျက်ဝန်းတစ်စုံလုံး
ဘယ်သူမှမတွေ့အောင်
ဝိဇ္ဖာတွေတောင်မမြင်နိုင်တဲ့
နေရာလေးတစ်ခုမှာ
သိမ်းထားချင်လိုက်တာ
အချစ်အစမျက်ဝန်းကတဲ့
အပြုံးနဲ့ချစ်သူတစ်ယောက်မို့
ဆုံးရှုံးရမှာကြောက်နေမိတယ်
သ၀န်တိုတာဂဏှာမညိမ်တာကို
အတ္တကြီးတဲ့လူတစ်ယောက်ရယ်လို့တော့
မမြင်လိုက်ပါနဲ့နော်
အမိုက်အမဲလေးမို့ခွင့်လွှတ်ပေးပါ
မပြီးဆုံးသေးတဲ့.........ကဗျာတစ်ပုဒ်
မပြီးဆုံးသေးတဲ့..................ကဗျာတစ်ပုဒ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ငါ့အနီးမှာ.......
အလင်းရောင်ဖျော့ဖျာ့လေးသာ
အသက်ဆက်ရှင်ဖို့ကျန်တော့တယ်
စိုးရိမ်ကြောင့်ကြမှုတွေက
ငါ့ရဲ့စိတ်တွေထဲမှာ
ဘယ်လိုမှတားဆီးလို့မရခဲ့
တဖြည်းဖြည်းနဲ့
မိုးတွေညို့လာပြီ
လျှပ်စီးတွေကတလက်လက်နဲ့
ရင်ထဲကခံစားချက်တွေက
တဖွဲဖွဲနဲ့ရွာသွန်းလို့
ငါ့မျက်ဝန်းတွေရဲ့အမြင်က
ေ၀၀ါးလို့.............................
...........................................
...........................................
..............................................
...........................................
.............................................
(ကဗျာရေးသူရဲ့နှလုံးသားသေဆုံးလို့ဆက်မရေးနိုင်တာ
နားလည်ပေးပါ နှလုံးသားခံစားချက်တိုက်ဆိုင်သူများဆက်ရေးနိုင်ပါတယ်)
Wednesday, July 25, 2012
Saturday, July 21, 2012
Thursday, July 12, 2012
ရင်ထဲကအချစ်မင်းသိစေချင်တယ်
~~~~~~~~~~~~~~~~~
ကြာလွန်းခဲ့ပါပီ
ဖွားတော်ဖက် ငါ့နှလုံးသားလေးစကားပြောခဲ့တာ
လွန်လေပြီးသော....
နှစ်အနည်းငယ်ကပါ
မင်းမကြားရမှန်း
မင်းမကြားရမှန်းသိပါလျှက်နဲ့
တိတ်တခိုးကြိတ်ပိုးပြီး
အုံ့ပုန်းအဖြစ်နဲ့ သိမ်းထားခဲ့တာ
အခုဆိုရင် ငါ့နှလုံးသားပေါ်မှာမက
စက္ကူစာရွက်တွေတောင် မလောက်တော့ဘူးထင့်
အံကို အခါကြိတ်
သက်ပြင်းကို အကြိမ်ကြိမ်ချ
အားအင်မွေးလာပေမယ့်
သံယောဇဉ်ကြေားလေး ပြတ်တောက်မှာ
စိုးကြောက်တဲ့ငါ့ရဲ့စိတ်က
ငါ့အတွေးအိပ်မက် ကမ္ဘာငယ်လေးကို
တသိမ့်သိမ့် ပြိုကျပျက်စီးကုန်ဆုံးစေခဲ့တယ်
ငယ်ကအချစ် နှစ်တစ်ရာဆိုတဲ့
စာသားလေးကို ရင်မှာထား
အချစ်ဆိုတဲ့ နှောင်ကြိုးလေး
မင်းသိအောင်
ဘယ်ကများအစဆွဲထုတ်ရပါ့မလဲ
Wednesday, July 11, 2012
" ငွေမဲ့ ... အချစ် "
*************
ဒီစက်ဝန်းနဲ့ ... ငါ
မီးပွိုင့်တွေ များလို့
ဒီလမ်းမှာ .. .. .. ငါ ကြံ့ ကြာ
ဆုံမှတ်ကို ပြန်ရောက်ဖို့
သံသရာက ဟင်းဖတ်ပါ
မျက်နှာကြီးရာ "ကံ"သာ .. လို့
ငါ့ ဘက်မှာ ရပ်တည်သူက
ရန်သူ့ ဓါးကို ကိုင်ထားတယ် ...
အချစ်ကို ငပိရည်နဲ့ တို့
စားမယ်ကြံမှ
ငါ့ နံနက်စာက .. .. "သိုး" (ပုပ်သိုး )
အချစ်ရေးထက် ...
ဝမ်းရေးက ... ခက်လို့လေ
"လေ"ကို ... "ရေ"နဲ့ မျောချ
ငါ့နှလုံးသားက ... လေချဉ် တတ်
ပါးနေတဲ့ ဖိနပ်တစ်ရံနဲ့
ငါ့မနက်ဖြန်ခရီး
အရိပ်အာဝါသဆိုတာ
အိပ်မက်ထဲမှာမို့လေ ...
ငါ ... အိပ်ပြီးရင်း ... အိပ်ချင်တယ် ...။
"မှေးစက်ခွင့်လေးပေးပါလား"
ညနေခင်းတစ်ခုမှာ.....
ပုပ်သိုးကုန်တဲ့ ငါ့အနာဂတ်တွေဟာ
ပြီးပြည့်စုံနေတဲ့
ညတစ်ညကို ဘာလို့အံတုနေပါလိမ့်
"အွန်လိုင်း"ဆိုတာ ငါ့အတွက်တော့
လိမ်ညာခြင်းတွေ အပြည့်
နားပိတ်ထားပေမယ့်
မျက်လုံးတွေထဲ တိုးဝင်လာတဲ့
စကားလုံးတွေနဲ့
ရက်စက်သွားသူလေး
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ကိုခဏလေးအိပ်စက်ခွင့်လေးပေးပါဟာ
ငါ့နှလုံးသားနဲ့ နင့်ဦးနှောက်ရဲ့တိုက်ပွဲမှာ
ငါ့မေတ္တာကမြေစာပင်ပါ
တကယ်ဆိုငါဟာ........
Subscribe to:
Posts (Atom)