Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Sunday, July 8, 2012

"အချစ်ဆုံး.........သို့"


"အချစ်ဆုံး......သို့"

ငါကျေနပ်ပါတယ်

ချစ်သူရဲ့အပြစ်ပေးမှုကို

ဘာလို့မခံယူရဲရမှာလည်း

ဒါပေမယ့်.......

နင့်ရှေ့ကနေ

ငါ့ခြေထောက်တွေ

ရဲဝံ့စွာနဲ့လှမ်းလာခဲ့တဲ့

ခြေလှမ်းတွေက

(၁၀၀)မပြည့်ခဲ့ပါဘူး

လူတစ်ယောက်ရဲ့ဘ၀မှာ

အချစ်မိဆုံးလူကတစ်ယောက်ထဲပဲ

ရှိတတ်တာပါ....

နောက်လည်းတယောက်ထဲပါပဲ

ချစ်သူရဲ့ရွေးချယ်မှုမှန်ကန်ပါစေကွာ

ငါ့အတွက်နင်ထည့်မစဉ်းစားပါနဲ့

(နင်ကတကယ်လည်းမစဉ်းစားခဲ့တာ)

အပြစ်မဆိုရက်ပါဘူး

နင့်ကြောင့်ဝဲတက်လာတဲ့မျက်ရည်တိုင်းကို

ငါ့ပါးပေါ်မစီးဆင်းစေရဘူး

ငါ့ခေါင်းကိုနာကျည်းမှုမပါပဲ

ခါရမ်းပစ်တယ်

မင်းကိုဘေးလူတွေအပြစ်တင်မှာ

စိုးလို့ပါဟာ.....

ဖြစ်သင့်ပါတယ်

ငါ့ရဲ့အရှုံးကြီးတခုဟာ

နင့်ရဲ့အောင်မြင်မှုသာဖြစ်နေမယ်ဆို

ငါ့အတွက်ဖြေသာနိုင်တယ်လေ

ဒါဏ်ရာကြီးတော့

အနာလည်းကြီးတယ်

အနာကြီးတော့

အမာရွတ်လည်းကြီးနေတာပါ

နင်...ငါ့အတွက်တော့

မစဉ်းစားပါနဲ့ဟာ.........။        ။ 






Saturday, July 7, 2012

လင်းကဗျာ(၁)


 လင်းကဗျာ(၁)
~~~~~~~~
အိနြေ္ဒတွေ
သရဖူဆောင်း
ပန်းမပန်ပဲလှတဲ့
မောင့် "မမ"
နတ်သက်ကြွေတွေ
ရှုံးဖို့မြင်
လှရက်ပါပေ့ "မမ" ရယ် ...
ဤကမ္ဘာမြေတစ်ခွင်
မောင့်"မမ"ရဲ့အလှ
လှစ်မပြပါနဲ့ကွယ်
ရွှေပုဝါ ပါးပါး
ခြုံလွှမ်းထားလို့
(လ)ရိပ်ခမှာလည်း
ရင်မှာ မလို
ငှက်ရိပ် နင်းမှာလည်း
ဘဝင် မတင်ချင်သမို့
မောင့်နှလုံးသားမှာ
ပုန်းခိုလှည့်ပါ "မမ"ရယ် ...
ဒီမောင် ရင်နဲ့အပြည့်
သိုဝှက်ထားတဲ့  ချစ်ချိုခါး
အနမ်းမိုးသဲအောင်သွန်း
"မမ" မောရင်
မောင် တလှည့်ပြောမယ်
သိပ်သိပ်ချစ်တယ် "မမ" ရယ်  ...  ... ။ ။

 

" လင်းကဗျာ (၂) "


" လင်းကဗျာ (၂) "
~~~~~~~~~~~

ကောင်းကင်က နတ်သ္မီးလေးတစ်ပါး

ဆင်းသက်လာသလား ...

ထင်မှားရလောက်အောင်

လင်းက ... !

လှပလွန်းပါတယ်

လင်းကဗျာရယ် ... ... ... 

ကိုယ့်ကို မတွေ့ချင်လို့များ

Green lamp - လေး  ငြိမ်းနေတာလားကွယ် ... ...

ကိုယ့်မှာဖြင့်မျှော်ရွယ်မှန်း

တမ်းတမ်း တတ သတိရလွမ်းဆွတ်

ပူဆွေးခြင်းကိုထွေးပိုက်ရင်း

လင်း Account - လေး

မီးစိမ်းလင်းလာမယ့် နေ့ရက်လေးကို

စောင့်မျှော်လျှက်ပေါ့

သ္ခင်မလေး လင်းကဗျာရယ် ... ... ...

စောင့်မျှော်လေသူ အကျွန့် နှလုံးသားကို

သနားတော်မူလျှင်ဖြင့်

မော်ဖူးခွင့်လေးပေးပါနော် ... ... ...

အချိန်မလွန်ခင် အကြင်နာထွေး

ကရုဏာတွေ နွေးစေမယ့် သ္ခင်မလေးကို

ကမ်းလင့်လို့ကြို

အချိန်တိုင်းမှာ မျှော်နေလျှက်ပါနော် ... ... ...

ပြန်လာပါတော့ လင်းကဗျာရယ် ... !

အကျွန့်ရင်ခွင်ဟာ

လင်းကဗျာအတွက်ဆိုလျှင်ဖြင့်

ဘယ်သောအခါမျှ

နောက်ကျတယ်ဆိုတာ

မရှိစေရပါဘူးကွယ် ... ... ... ။ ။




လင်းကဗျာ(၃)

 

 

လင်းကဗျာ(၃)

~~~~~~~~

မမြင်ရလျှင် နေနိုင်ပေမယ့်
ခံစားမှု့ကို သက်ညှာ
သံယောဇဉ်ကို (တိ, ခနဲ ) ဖြတ်
ဆုံတွေ့ခွင့်မပေးချင်လို့
တမင်သက်သက်ရှောင်ပုန်းနေလား
လင်းကဗျာရယ် ...

အမုန်းတွေ ... ပေး
အချစ်ကို ... ယူ
မေတ္တာဆိုတဲ့စကား
အထူအပါးနားမလည်လို့လေ
အခုတော့
အမုန်းစကားမဆိုပဲ
Invisible - ထဲမှာ
ပုန်းကွယ်နေတာလား
လင်းကဗျာရယ် ...

အမှားရှိခဲ့လို့
အမှန်ပြင်ခွင့်မပေးပဲ
တမင်တကာ ပစ်သွားရက်လျှင်ဖြင့်
အချစ်ကဗျာတွေကို ပင်စင်ပေး
အလွမ်းကဗျာတွေအလယ်
ဒီမောင့် ရင်ကျိုး
အဖြစ်က မနှစ်ကနဲ့မတူ ...
ငါ့နှလုံးသွေးတွေရပ်တန့်
အလွမ်းတွေတံခွန်ထူဖို့
ပြစ်ဒဏ်ခတ်လေသလား
လင်းကဗျာရယ် ...

အနာဂတ်ကောင်းကင်ထဲက
အလွမ်းမိုးညို့ညို့မှာ
ငါဟာ ... အရူးတစ်ယောက်လို အော်ဟစ်
လွမ်းလိုက်တာ ..လို့  ပြောလျှင်
ပိုရာကျမယ် ထင့်
တော်ရာဘဝမှာ
မင်းပျော်စေဖို့ဆုတောင်းရင်းလေ ...
မင်းမရှိတဲ့ Online - ထက်မှာပဲ
နေ့နေ့ညည
ငါတစ်ယောက် ... အထီးကျန်
ဥပေက္ခာရင်ခွင်လေး မင်းကို တမ်းတ
ချည်နှောင်ဖွဲမယ့်ကြိုး
ရစ်ပတ်ခွင့်တချို့ ရချင်လွန်းလို့လေ
   ပြန်လာခဲ့ပါ လင်းကဗျာရယ် ... ။ ။

Monday, July 2, 2012

သူ့အချစ်




ဘာ............!!!!!!

သစ္စာတ၇ား

ဟုတ်လား?

အဲဒီစကားလုံးလေးကလှပါတယ်

ဒါပေမယ့်မင်းပါးစပ်ကပြောတာတော့

ငါ့အတွက်ဟာသဖြစ်နေတယ်ကွ

ရှင်းရှင်း(လူပြိန်းတွေ)

နားလည်အောင်ပြောရရင်

မင်းပါးစပ်နဲ့မတန်ဘူးကွ

ခုလေ...................

ငါ့ကိုယ်ငါအရမ်းသနားလွန်းလို့

မင်းကိုမချစ်တော့ဘူး

ငါဆုတောင်းပါတယ်မင်းကိုငါ

မချစ်မိပါရစေနဲ့တော့......ငါအရမ်းကြောက်နေလို့ပါ...။    ။

ခံယူချက်


ငါကလေ.........


မင်းအကြောင်းတွေကိုဘာမှမသိချင်ပါဘူး

အဲဒါကလည်းမင်းကိုအရမ်းချစ်လို့ပါလို့

ငါကခံယူထားတာပါ

ဘာလို့လဲဆိုတော့

အချစ်မှာ(အပိုတွေ)

ဘာမှမလိုအပ်ဘူးလို့ငါထင်လေ

မင်းအကြောင်းတွေအများကြီးသိနေရင်

မင်းကိုဒီလောက်ချစ်နေမိမှာမဟုတ်ဘူး

မင်းအကြောင်းနဲနဲလေးပဲသိလေလေ

ငါကတော့များများချစ်မိလေပါပဲ......။    ။


သဂြိုင်္လ်ခြင်း



 အလွန်ကောက်ကျစ်ယုပ်မာတဲ့

(မြေခွေးမ)တစ်ကောင်ကိုမှ

ဘ၀တစ်ခုလုံးရင်းပြီး

ငါ့အချစ်တွေကို

ရက်ရက်ရောရော

ချကျွေးမိတယ်......

လူမသိသူမသိ

ခြစားခံရတဲ့နှလုံးသား

အခမ်းအနားမပါပဲ

မြေမြုပ်သဂြိုင်္လ်လိုက်ရပြီ

မှတ်တိုင်တောင်မစိုက်ထူရဲခဲ့သူပါ

ပြန်လည်တူးဖေါ်မိတဲ့အခါ

ငါ့အချစ်တွေကို....

ငါအားနာနေမိမှာစိုးလို့လေ......။      ။