Tuesday, July 10, 2012
ပေါက်ကွဲခြင်း
တကယ်ဆို........ငါကအချစ်ဦးပါတဲ့
ဟတ်လားးးးးးးးး
မသိလို့ငါမေးပါရစေ
ခုကောအရင်လိုချစ်နိုင်သေးလား?
ငါကလေ.....
မင်းကိုစချစ်ပါပီဆိုကတည်းက
မင်းကိုရာရာလိုက်လျောခဲ့တာ
အဲဒါတွေကို မင်းဂရုမစိုက်တာ
ငါလက်ခံပါတယ်ဟာ
ဒါပေမယ့်မင်းရဲ့ပြောသမျှစကားတွေနောက်မှာ
အမြဲတမ်းကပ်ပါနေတဲ့
ငါ့ရဲ့ဟုတ်ကဲ့ဆိုတဲ့စကားလေးတွေကိုတော့
နင်သနားသင့်ပါတယ်
လူဆိုတာမျှော်လင့်ချက်တွေနဲ့အသက်ရှင်တာလေ
မျှော်လင့်ချက်တွေရိုက်ချိုးခံရတဲ့
ငါ့ရဲ့မေတ္တာလေးတွေတော့
သနားစရာပါ သူ့မှာအပြစ်မရှိပါဘူး
ငါ့မှာသာအပြစ်ရှိတာပါ
နင်ပြောဘူးတယ်လေ
"သူများအတွဲတွေမြင်ရင်ငါကအားမကျတတ်ဘူးတဲ့"
ငါနဲ့နင်နဲ့ချစ်တာကိုမမှီလို့ပါတဲ့
ခုတော့လည်း
ဗညားဟန်ဖြစ်နေပီဟ
နင်မရှိတော့ပေမယ့်
ငါကလေ
ခုထိလွမ်းကောင်းနေတုန်း
အလိုရှိတဲ့ဆုတောင်းရရင်
"ဘ၀ဆက်တိုင်းမှာ သူယုတ်မာတွေနဲ့ခဏလေးတောင်မပေါင်းဖက်မိပါရစေနဲ့"
နင့်ကိုအဲလောက်ထိနာတယ်
ငါ့သံယောဇဉ်တွေအမှုန့်ချေတဲ့
မိန်းကလေးရေ.......။ ။
မာယာ
~~~~~~
အကြင်နာစကားတွေ နေဝင်
ကြည်နူးစရာ ညချမ်းလေးလည်း
ဆေးရောင်မှိန်ခဲ့ရပြီကွယ် ...
တွဲလက်ကိုလွှတ်
ရင်ခွင်ဗလာနဲ့ ပြုံးပြပြီးမှ
မင်း ... တိတ်တဆိတ် နှုတ်ထွက်
ဒီရင် တံတိုင်းက နင့်ခြေရာတွေ
မိုးခါးရေနဲ့ ဆေးကြောခိုင်းလေသလား
မာယာ ... မာယာ ... မာယာ ...
အမည်လေး လှသလောက်
ရက်စက်မှု့တွေ မကိုဋ်ဆောင်း
တစ်ထောင့်တစ်ည ပုံပြင်တွေထဲ
ငါ့ကို ... ထားသွားရက်ပါပေ့
ငါ့ မနက်ဖြန်တွေလည်း
ဗိန္ဓောဆရာလက်ထဲမှာ
ဒုက္ခတွေ တသီကြီးနဲ့ ... ရူး
ယဉ်ယဉ်လေးမို့ ... မထူးပေမယ့်
ကမ္ဘာပျက်ပြီ ... မာယာ ရေ !
မင်း ... ဘယ်ရောက်နေလဲ ?
လူတွေ မေးမှ ... ငါ့အဖြေ
ဒီရင်ဘက်မှာ ... မာယာ အိပ်စက်ဖူးသလား
အတိတ်နေ့ရက်တွေထဲက
ငါ့အိပ်မက်တွေလည်း
အသံတိတ် ရည်းစား ကဗျာ
အသံတိတ် ရည်းစား ကဗျာ
~~~~~~~~~~~~~~~~~
တိုးတိုး တိတ်တိတ်
မောင့် ရင်ခုန်သံတွေ
မေ - သိအောင်ပြောဖို့
မဝံ့မရဲ စိတ်တွေနဲ့
ညစဉ် အိပ်လို့မပျော်
မောင့်ရင်ဘက်ပေါ်
ကျောက်တောင်ကြီးတစ်လုံး
တင်ထားရသလိုပဲ ... ... မေရယ်
ရင်ခုန်သံကို လက်နဲ့စမ်း
မုန်းတိုင်းထန်မယ့် သက်ပြင်း
အခါခါချရင်းနဲ့ ... ... ငါ
ချစ်တဲ့စကားကို
ဘယ်က စ,ပြောရမလဲကွာ ...
ယောက်ျားလေးတွေ ရင်ခုန်တော့
မျက်တောင် ခတ်ဖို့ မေ့တတ်တယ် ...
မိန်းကလေးတွေ ရင်ခုန်တော့
ခစ်ခစ် .. မြည်အောင် .. ရယ်တတ်တယ် ...
ကိုယ် ... ရင်ခုန်တော့
ရှက်တတ်လိုက်တာ ... လွန်ပါရော ...။ ။
Sunday, July 8, 2012
'အလွမ်းလေး'
~~~~~~~~~
အလွမ်းတွေခါချ
အချစ်တွေကိုပြန်သတိရမိတိုင်း
နှလုံးသားက
သွေးစိမ့်ယိုလာတယ်
ခံစားမှုနှလုံးသားမရှိသူကိုမှ
စွဲစွဲလမ်းလမ်း
တမ်းတမ်းတတဖြစ်ခဲ့တာကို
အပြစ်ရှိပါတယ်လို့အပြစ်ပေးပြီး
နှလုံးသားကိုဒါဏ်ခတ်ခဲ့တာလား........
မင်းအတွက်
တယုတယအကြင်နာထွေးပွေ့လို့
ညစ်နွမ်းခဲ့တဲ့ရင်ငွေ့
ဝေ့ဝေ့တွေဟာ
နှစ်ပြန်ရေချိုးရအောင်
ဘာအမှားတွေရှိလို့လဲ
မင်းသိအောင်ပြောရရင်
အရင်းအနှီး
နဲနဲကြီးပေးရတာအချစ်လို့ပြောရင်
မင်းလက်ခံမှာလား........
အသည်းမာသူတယောက်မို့
ခေါင်းခါပြီးခေါင်းရမ်းလိုက်ပါ
"သတိမူး.....နေသည်"
"သတိမူး.....နေသည်"
ရပ်ကြည့်နေရင်တော့
အပိုပါပဲကွာ...
ဘေးမပြောနဲ့
ဝါသနာပါရင်ဝင်ခဲ့
လွတ်လပ်မှုတွေ
သရဖူဆောင်းပေးမယ်
အကွပ်မပါတဲ့တောင်းမို့
ပရမ်းပတာလို့အပြောမစောနဲ့
အုမ်းလီးဝမ်းဒီမိုကရက်တစ်မှာ
အချစ်နဲ့အမုန်းကိုကျောခြင်းကပ်
မေတ္တာနဲ့သစ္စာလို
ဈေးရွက်ဗန်းလိုရွက်ပြီး
တကျော်ကျော်အော်တဲ့
ငါ...................
ချစ်ပြလိုက်မယ်.....
မတန်ရင်မ၀ယ်နဲ့
ငါ့နှလုံးသားကိုရောင်းဖို့
တခွန်းဈေးက၁၅၀၀
ပြားပြားမှ မလျော့နိုင်လို့
ကိုးရီးယားခေတ်ကို
ငါ....................
ဖင်ခုထိုင်လိုက်မယ်........
"အချစ်ဆုံး.........သို့"
ငါကျေနပ်ပါတယ်
ချစ်သူရဲ့အပြစ်ပေးမှုကို
ဘာလို့မခံယူရဲရမှာလည်း
ဒါပေမယ့်.......
နင့်ရှေ့ကနေ
ငါ့ခြေထောက်တွေ
ရဲဝံ့စွာနဲ့လှမ်းလာခဲ့တဲ့
ခြေလှမ်းတွေက
(၁၀၀)မပြည့်ခဲ့ပါဘူး
လူတစ်ယောက်ရဲ့ဘ၀မှာ
အချစ်မိဆုံးလူကတစ်ယောက်ထဲပဲ
ရှိတတ်တာပါ....
နောက်လည်းတယောက်ထဲပါပဲ
ချစ်သူရဲ့ရွေးချယ်မှုမှန်ကန်ပါစေကွာ
ငါ့အတွက်နင်ထည့်မစဉ်းစားပါနဲ့
(နင်ကတကယ်လည်းမစဉ်းစားခဲ့တာ)
အပြစ်မဆိုရက်ပါဘူး
နင့်ကြောင့်ဝဲတက်လာတဲ့မျက်ရည်တိုင်းကို
ငါ့ပါးပေါ်မစီးဆင်းစေရဘူး
ငါ့ခေါင်းကိုနာကျည်းမှုမပါပဲ
ခါရမ်းပစ်တယ်
မင်းကိုဘေးလူတွေအပြစ်တင်မှာ
စိုးလို့ပါဟာ.....
ဖြစ်သင့်ပါတယ်
ငါ့ရဲ့အရှုံးကြီးတခုဟာ
နင့်ရဲ့အောင်မြင်မှုသာဖြစ်နေမယ်ဆို
ငါ့အတွက်ဖြေသာနိုင်တယ်လေ
ဒါဏ်ရာကြီးတော့
အနာလည်းကြီးတယ်
အနာကြီးတော့
အမာရွတ်လည်းကြီးနေတာပါ
နင်...ငါ့အတွက်တော့
Saturday, July 7, 2012
လင်းကဗျာ(၁)
~~~~~~~~
အိနြေ္ဒတွေ
သရဖူဆောင်း
ပန်းမပန်ပဲလှတဲ့
မောင့် "မမ"
နတ်သက်ကြွေတွေ
ရှုံးဖို့မြင်
လှရက်ပါပေ့ "မမ" ရယ် ...
ဤကမ္ဘာမြေတစ်ခွင်
မောင့်"မမ"ရဲ့အလှ
လှစ်မပြပါနဲ့ကွယ်
ရွှေပုဝါ ပါးပါး
ခြုံလွှမ်းထားလို့
(လ)ရိပ်ခမှာလည်း
ရင်မှာ မလို
ငှက်ရိပ် နင်းမှာလည်း
ဘဝင် မတင်ချင်သမို့
မောင့်နှလုံးသားမှာ
ပုန်းခိုလှည့်ပါ "မမ"ရယ် ...
ဒီမောင် ရင်နဲ့အပြည့်
သိုဝှက်ထားတဲ့ ချစ်ချိုခါး
အနမ်းမိုးသဲအောင်သွန်း
"မမ" မောရင်
မောင် တလှည့်ပြောမယ်
Subscribe to:
Posts (Atom)
