မျှော်လင့်ချက်က မနိုင်တနိုင်
စိတ်ကူးတွေတချက်မယိုင်
အဖေါ်မပါ ကြမ်းတမ်းလွန်းလဲ
အိမ်မက်တွေက ရှင်သန်ဆဲပဲ
လမ်းမမှားအောင် ထိမ်းလျှောက်နေတဲ့ကြားက
တခါတခါ လဲပြိုမတတ် သတိကလဲထားနေရ
ဘ၀လက်တွဲဖေါ်ရပြီလို့ပျော်ရွှင်ခဲ့မိပါတယ်
နောက်ကျောမှာနှစ်ဝင်နေတဲ့
ဓါးမြှောင်တချောင်းသာ အဆစ်ရခဲ့တယ်
သတိတွေထားနေတဲ့ကြားက
အိမ်မက်လေးတွေလွှတ်ကျကွဲတာလဲခဏခဏ
နောက်ဆုံးတခုပဲကျန်တော့အိမ်မက်လေးကလဲ
အရေတွေတစက်စက်နဲ့လုံးပါးပါးနေလေရဲ့
နောက်ဆုံးတော့လည်း
ကောက်ရိုးတမျှင်ကိုပဲ
အသဲအသန်လိုက်စမ်းရင်း
အိပ်နေချင်ပါပြီကွာ........။
နတ်ဆိုး