Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Friday, June 29, 2012

သက်ဆိုင်သူသို့




" သက်ဆိုင်သူသို့ "
~~~~~~~~~
တိတ်တိတ်လေးပါပဲ

နင်စိတ်ဆိုးသွားမှာ စိုးရိမ်လို့ပေါ့

ငါ့ရင်ခုန်သံတွေကို

ဒီထက်ပိုလို့ ခုန်ခွင့်မပြုပါဘူး ...

တိတ်တိတ်လေးပါပဲ

နင် .. မြင်တွေ့မှာ စိုးရိမ်လို့လေ

ငါ့ မျက်ရည် တံခါး ... သော့ခတ်ရင်း

လူတွေမမြင်နိုင်အောင် ငါ .. ငိုကြွေး

ရှိုက်သံတွေကို မျိုသိပ်ရင်း

ငါ ... ပြုံးတတ်ခဲ့ပြီလေ

တိတ်တိတ်လေးပါပဲ

ဗယ်လင်တိုင်းဒေးရောက်တိုင်း

ချော့ကလက် ဆိုင်ကို ငေးကြည့်ရင်း

ငါ့မျက်လုံးတွေ  အရောင်တောက်

ငါ့ စိတ်ကူးတွေ မြူးကြွနေလည်း 

နင်နဲ့ငါက ... ... ...

အရင်းနှီးဆုံး သူငယ်ချင်းတွေမို့

အခင်အမင်တွေ ပျက်မှာစိုးလို့

ငါ့အနာဂတ် ပန်းတစ်ပွင့်ကို

ပွင့်လန်းခွင့်မပြုပါ ... သက်ဆိုင်သူရယ် ... ။ ။







No comments:

Post a Comment