ရောမမြို.နဲ့ နင့်အလှ
မလဲနိုင်ဘူး
အချစ်ရယ်
ဂျူးလိယက်ဆီဇာရဲ့
အာဏာတစ်ဝက်လောက်
ငါ့မှာ ရှိလိုက်စမ်းပါ
ကမ္ဘာတစ်ဝက်ကို
မင်းအိပ်စက်ဖို့
ကွပ်ပစ် ခင်းပေးလိုက်မယ်
အို အချစ်ရယ်
မင်းရဲ့ ခြေလှမ်းတိုင်းမှာ
ပန်းတွေပွင့်ဖို့
စံပယ်တွေပွင့်မယ့် ညမှာ
(လ)မင်းတစ်ရာ
ငါ့လက်ထဲက ထွန်းညှိပေးလိုက်မယ်
ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်
နင့်ခြေရာတွေ
ဒီရေနဲ့
တိုက်စားပျောက်ပျက်မသွားရလေအောင်
ဒီသဲမြေနဲ့ ပင်လယ်
လားလားမှ မအပ်စပ်စေဖို့
ငါ့နှလုံးသား သံမဏိတံတိုင်းနဲ့
နင့်ခြေရာလေးတွေအပေါ် လှိုင်းမခတ်ရလေအောင်
ငါ ........
No comments:
Post a Comment