အလွမ်းဆိုတာ
သတိရခြင်းနဲ့
ဖြေသိမ့်လို့ရပေမဲ့
ဆွေးရမှာကိုတော
့ကြောက်နေမိတယ်
ရောက်နေမိတာက
တွေ့နေကျနေရာလေးဆီမှာ
မျက်ရည်မကျအောင်
ငါထိန်းနိုင်ပေမဲ့
တစက်စက်နဲ့စီးဆင်းနေတဲ့
နှလုံးသားရဲ့သွေးကို
ငါမတားဆီးနိုင်တာအမှန်ပါ
နှုတ်မဆက်ရသေးရင်ဝေးဖို့
မဖြစ်နိုင်ဘူးတဲ့
ငါ့မှာနှုတ်ဆက်ဖို့
စိတ်ကူးမရှိပေမဲ့
မင်းလေးကစပြီး
နှုတ်ဆက်မယ်ဆိုရင်
သွေးစတို့ပေကျံနေတဲ့
ငါ့နှလုံးသားကိုပါ
နင်ယူသွားလိုက်ပါ
ချစ်သူရယ်...............
No comments:
Post a Comment