ပန်းတစ်ပွင့်ရဲ့
ရင်ခုန်သံဟာ
နေရောင်ခြည် ဖြစ်ချင်မှဖြစ်လိမ့်မယ်
လိပ်ပြာတစ်ကောင်ရဲ့
ရင်ခုန်သံဟာ ပန်းဝတ်ရည်
ဖြစ်ချင်မှဖြစ်လိမ့်မယ်
သေချာတာတစ်ခုကတော့
ငါ့နှလုံးသားရဲ့ ရင်ခုန်သံက
မင်းမှမင်းပဲ ချစ်သူ..!
ပြန်မဆုံနိုင်တော့ဘူးလို့
ချစ်သူမင်းပြောခဲ့ရင်
ကမ္ဘာမြေကြီးပျက်သုံးသွားပါစေ
ပြန်ဆုံနိုင်မဲ့ အဝေးဆုံးတစ်နေရာက
ကိုယ်စောင့်နေပါ့မယ်ချစ်သူ
ကံကြမ္မာရဲ့ ခါးသီးမှုတွေ
ဘယ်လောက်များများ
ငါ့နှလုံးသားလေး တစ်ချက်ခုန်တိုင်း
မင်းအတွက် အသက်ဆက်ရှင်သန်
နေ့ရက်တိုင်း အချိန်တိုင်းမှာ
မင်းကလွဲလို့ တပါးသူဆိုတာ
ငါ့ဘ၀မှာ ခုမှစနောင်ဘယ်တော့မှ
ရှိမှာမဟုတ်ပါဘူး
No comments:
Post a Comment