Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Saturday, July 7, 2012

လင်းကဗျာ(၁)


 လင်းကဗျာ(၁)
~~~~~~~~
အိနြေ္ဒတွေ
သရဖူဆောင်း
ပန်းမပန်ပဲလှတဲ့
မောင့် "မမ"
နတ်သက်ကြွေတွေ
ရှုံးဖို့မြင်
လှရက်ပါပေ့ "မမ" ရယ် ...
ဤကမ္ဘာမြေတစ်ခွင်
မောင့်"မမ"ရဲ့အလှ
လှစ်မပြပါနဲ့ကွယ်
ရွှေပုဝါ ပါးပါး
ခြုံလွှမ်းထားလို့
(လ)ရိပ်ခမှာလည်း
ရင်မှာ မလို
ငှက်ရိပ် နင်းမှာလည်း
ဘဝင် မတင်ချင်သမို့
မောင့်နှလုံးသားမှာ
ပုန်းခိုလှည့်ပါ "မမ"ရယ် ...
ဒီမောင် ရင်နဲ့အပြည့်
သိုဝှက်ထားတဲ့  ချစ်ချိုခါး
အနမ်းမိုးသဲအောင်သွန်း
"မမ" မောရင်
မောင် တလှည့်ပြောမယ်
သိပ်သိပ်ချစ်တယ် "မမ" ရယ်  ...  ... ။ ။

 

No comments:

Post a Comment