Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Saturday, July 28, 2012

အိပ်လို့မရတာမကြောင့်


ခြွေချလိုက်စမ်းပါ....မရယ်

ရင်တစ်ခုလုံးပြည့်နက်သွားအောင်လေ

မ၀ံ့မရဲမပွင့်တစ်ပွင့်ပြောနေတဲ့

မစကားနားထောင်ရတာ

ရင်ခုန်သံတွေဘလောင်ဆူနေပြီ

ဒီလိုသာနှောင့်နှေးနေရင်

ရင်မောရတော့မယ်"မ"ရယ်

အကြည့်လေးတစ်ချက်မျက်ဝန်းလေးတစ်စုံ

ဘယ်သူမှဝေမျှမပေးနိုင်ဘူး

ဖြစ်နိုင်ရင်မျက်ဝန်းတစ်စုံလုံး

ဘယ်သူမှမတွေ့အောင်

ဝိဇ္ဖာတွေတောင်မမြင်နိုင်တဲ့

နေရာလေးတစ်ခုမှာ

သိမ်းထားချင်လိုက်တာ

အချစ်အစမျက်ဝန်းကတဲ့

အပြုံးနဲ့ချစ်သူတစ်ယောက်မို့

ဆုံးရှုံးရမှာကြောက်နေမိတယ်

သ၀န်တိုတာဂဏှာမညိမ်တာကို

အတ္တကြီးတဲ့လူတစ်ယောက်ရယ်လို့တော့

မမြင်လိုက်ပါနဲ့နော်

အမိုက်အမဲလေးမို့ခွင့်လွှတ်ပေးပါ

စိတ်တွေမချတာနဲ့အိပ်လို့တောင်မရတော့ဘူး....။      ။




No comments:

Post a Comment