~~~~~~
အကြင်နာစကားတွေ နေဝင်
ကြည်နူးစရာ ညချမ်းလေးလည်း
ဆေးရောင်မှိန်ခဲ့ရပြီကွယ် ...
တွဲလက်ကိုလွှတ်
ရင်ခွင်ဗလာနဲ့ ပြုံးပြပြီးမှ
မင်း ... တိတ်တဆိတ် နှုတ်ထွက်
ဒီရင် တံတိုင်းက နင့်ခြေရာတွေ
မိုးခါးရေနဲ့ ဆေးကြောခိုင်းလေသလား
မာယာ ... မာယာ ... မာယာ ...
အမည်လေး လှသလောက်
ရက်စက်မှု့တွေ မကိုဋ်ဆောင်း
တစ်ထောင့်တစ်ည ပုံပြင်တွေထဲ
ငါ့ကို ... ထားသွားရက်ပါပေ့
ငါ့ မနက်ဖြန်တွေလည်း
ဗိန္ဓောဆရာလက်ထဲမှာ
ဒုက္ခတွေ တသီကြီးနဲ့ ... ရူး
ယဉ်ယဉ်လေးမို့ ... မထူးပေမယ့်
ကမ္ဘာပျက်ပြီ ... မာယာ ရေ !
မင်း ... ဘယ်ရောက်နေလဲ ?
လူတွေ မေးမှ ... ငါ့အဖြေ
ဒီရင်ဘက်မှာ ... မာယာ အိပ်စက်ဖူးသလား
အတိတ်နေ့ရက်တွေထဲက
ငါ့အိပ်မက်တွေလည်း
No comments:
Post a Comment