Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Tuesday, July 10, 2012

ပေါက်ကွဲခြင်း




တကယ်ဆို........ငါကအချစ်ဦးပါတဲ့


ဟတ်လားးးးးးးးး

မသိလို့ငါမေးပါရစေ

ခုကောအရင်လိုချစ်နိုင်သေးလား?

ငါကလေ.....

မင်းကိုစချစ်ပါပီဆိုကတည်းက

မင်းကိုရာရာလိုက်လျောခဲ့တာ

အဲဒါတွေကို    မင်းဂရုမစိုက်တာ

ငါလက်ခံပါတယ်ဟာ

ဒါပေမယ့်မင်းရဲ့ပြောသမျှစကားတွေနောက်မှာ

အမြဲတမ်းကပ်ပါနေတဲ့

ငါ့ရဲ့ဟုတ်ကဲ့ဆိုတဲ့စကားလေးတွေကိုတော့

နင်သနားသင့်ပါတယ်

လူဆိုတာမျှော်လင့်ချက်တွေနဲ့အသက်ရှင်တာလေ

မျှော်လင့်ချက်တွေရိုက်ချိုးခံရတဲ့

ငါ့ရဲ့မေတ္တာလေးတွေတော့

သနားစရာပါ      သူ့မှာအပြစ်မရှိပါဘူး

ငါ့မှာသာအပြစ်ရှိတာပါ

နင်ပြောဘူးတယ်လေ

"သူများအတွဲတွေမြင်ရင်ငါကအားမကျတတ်ဘူးတဲ့"

ငါနဲ့နင်နဲ့ချစ်တာကိုမမှီလို့ပါတဲ့

ခုတော့လည်း

ဗညားဟန်ဖြစ်နေပီဟ

နင်မရှိတော့ပေမယ့်

ငါကလေ

ခုထိလွမ်းကောင်းနေတုန်း

အလိုရှိတဲ့ဆုတောင်းရရင်


"ဘ၀ဆက်တိုင်းမှာ    သူယုတ်မာတွေနဲ့ခဏလေးတောင်မပေါင်းဖက်မိပါရစေနဲ့"

နင့်ကိုအဲလောက်ထိနာတယ်


ငါ့သံယောဇဉ်တွေအမှုန့်ချေတဲ့


မိန်းကလေးရေ.......။        ။





No comments:

Post a Comment