*************
ဒီစက်ဝန်းနဲ့ ... ငါ
မီးပွိုင့်တွေ များလို့
ဒီလမ်းမှာ .. .. .. ငါ ကြံ့ ကြာ
ဆုံမှတ်ကို ပြန်ရောက်ဖို့
သံသရာက ဟင်းဖတ်ပါ
မျက်နှာကြီးရာ "ကံ"သာ .. လို့
ငါ့ ဘက်မှာ ရပ်တည်သူက
ရန်သူ့ ဓါးကို ကိုင်ထားတယ် ...
အချစ်ကို ငပိရည်နဲ့ တို့
စားမယ်ကြံမှ
ငါ့ နံနက်စာက .. .. "သိုး" (ပုပ်သိုး )
အချစ်ရေးထက် ...
ဝမ်းရေးက ... ခက်လို့လေ
"လေ"ကို ... "ရေ"နဲ့ မျောချ
ငါ့နှလုံးသားက ... လေချဉ် တတ်
ပါးနေတဲ့ ဖိနပ်တစ်ရံနဲ့
ငါ့မနက်ဖြန်ခရီး
အရိပ်အာဝါသဆိုတာ
အိပ်မက်ထဲမှာမို့လေ ...
ငါ ... အိပ်ပြီးရင်း ... အိပ်ချင်တယ် ...။
No comments:
Post a Comment