~~~~~~~~~~~~~~~~~
ကြာလွန်းခဲ့ပါပီ
ဖွားတော်ဖက် ငါ့နှလုံးသားလေးစကားပြောခဲ့တာ
လွန်လေပြီးသော....
နှစ်အနည်းငယ်ကပါ
မင်းမကြားရမှန်း
မင်းမကြားရမှန်းသိပါလျှက်နဲ့
တိတ်တခိုးကြိတ်ပိုးပြီး
အုံ့ပုန်းအဖြစ်နဲ့ သိမ်းထားခဲ့တာ
အခုဆိုရင် ငါ့နှလုံးသားပေါ်မှာမက
စက္ကူစာရွက်တွေတောင် မလောက်တော့ဘူးထင့်
အံကို အခါကြိတ်
သက်ပြင်းကို အကြိမ်ကြိမ်ချ
အားအင်မွေးလာပေမယ့်
သံယောဇဉ်ကြေားလေး ပြတ်တောက်မှာ
စိုးကြောက်တဲ့ငါ့ရဲ့စိတ်က
ငါ့အတွေးအိပ်မက် ကမ္ဘာငယ်လေးကို
တသိမ့်သိမ့် ပြိုကျပျက်စီးကုန်ဆုံးစေခဲ့တယ်
ငယ်ကအချစ် နှစ်တစ်ရာဆိုတဲ့
စာသားလေးကို ရင်မှာထား
အချစ်ဆိုတဲ့ နှောင်ကြိုးလေး
မင်းသိအောင်
ဘယ်ကများအစဆွဲထုတ်ရပါ့မလဲ
No comments:
Post a Comment