ညနေခင်းတစ်ခုမှာ.....
ပုပ်သိုးကုန်တဲ့ ငါ့အနာဂတ်တွေဟာ
ပြီးပြည့်စုံနေတဲ့
ညတစ်ညကို ဘာလို့အံတုနေပါလိမ့်
"အွန်လိုင်း"ဆိုတာ ငါ့အတွက်တော့
လိမ်ညာခြင်းတွေ အပြည့်
နားပိတ်ထားပေမယ့်
မျက်လုံးတွေထဲ တိုးဝင်လာတဲ့
စကားလုံးတွေနဲ့
ရက်စက်သွားသူလေး
ဖြစ်နိုင်မယ်ဆိုရင်
ငါ့ကိုခဏလေးအိပ်စက်ခွင့်လေးပေးပါဟာ
ငါ့နှလုံးသားနဲ့ နင့်ဦးနှောက်ရဲ့တိုက်ပွဲမှာ
ငါ့မေတ္တာကမြေစာပင်ပါ
တကယ်ဆိုငါဟာ........
No comments:
Post a Comment