ငါကျေနပ်ပါတယ်
ချစ်သူရဲ့အပြစ်ပေးမှုကို
ဘာလို့မခံယူရဲရမှာလည်း
ဒါပေမယ့်.......
နင့်ရှေ့ကနေ
ငါ့ခြေထောက်တွေ
ရဲဝံ့စွာနဲ့လှမ်းလာခဲ့တဲ့
ခြေလှမ်းတွေက
(၁၀၀)မပြည့်ခဲ့ပါဘူး
လူတစ်ယောက်ရဲ့ဘ၀မှာ
အချစ်မိဆုံးလူကတစ်ယောက်ထဲပဲ
ရှိတတ်တာပါ....
နောက်လည်းတယောက်ထဲပါပဲ
ချစ်သူရဲ့ရွေးချယ်မှုမှန်ကန်ပါစေကွာ
ငါ့အတွက်နင်ထည့်မစဉ်းစားပါနဲ့
(နင်ကတကယ်လည်းမစဉ်းစားခဲ့တာ)
အပြစ်မဆိုရက်ပါဘူး
နင့်ကြောင့်ဝဲတက်လာတဲ့မျက်ရည်တိုင်းကို
ငါ့ပါးပေါ်မစီးဆင်းစေရဘူး
ငါ့ခေါင်းကိုနာကျည်းမှုမပါပဲ
ခါရမ်းပစ်တယ်
မင်းကိုဘေးလူတွေအပြစ်တင်မှာ
စိုးလို့ပါဟာ.....
ဖြစ်သင့်ပါတယ်
ငါ့ရဲ့အရှုံးကြီးတခုဟာ
နင့်ရဲ့အောင်မြင်မှုသာဖြစ်နေမယ်ဆို
ငါ့အတွက်ဖြေသာနိုင်တယ်လေ
ဒါဏ်ရာကြီးတော့
အနာလည်းကြီးတယ်
အနာကြီးတော့
အမာရွတ်လည်းကြီးနေတာပါ
နင်...ငါ့အတွက်တော့
No comments:
Post a Comment