Myspace HTML Codes & Layout Generators
ဘလော့ဂါရေးသူ၏_စာမျက်နှာသို့>>>>>
-->

Tuesday, July 10, 2012

အသံတိတ် ရည်းစား ကဗျာ

အသံတိတ် ရည်းစား ကဗျာ
~~~~~~~~~~~~~~~~~

တိုးတိုး  တိတ်တိတ်

မောင့် ရင်ခုန်သံတွေ

မေ - သိအောင်ပြောဖို့

မဝံ့မရဲ စိတ်တွေနဲ့

ညစဉ် အိပ်လို့မပျော်

မောင့်ရင်ဘက်ပေါ်

ကျောက်တောင်ကြီးတစ်လုံး

တင်ထားရသလိုပဲ ... ... မေရယ်

ရင်ခုန်သံကို လက်နဲ့စမ်း

မုန်းတိုင်းထန်မယ့် သက်ပြင်း

အခါခါချရင်းနဲ့ ... ... ငါ

ချစ်တဲ့စကားကို

ဘယ်က စ,ပြောရမလဲကွာ ...

ယောက်ျားလေးတွေ ရင်ခုန်တော့

မျက်တောင် ခတ်ဖို့ မေ့တတ်တယ် ...

မိန်းကလေးတွေ ရင်ခုန်တော့

ခစ်ခစ် .. မြည်အောင် .. ရယ်တတ်တယ် ...

ကိုယ် ... ရင်ခုန်တော့

ရှက်တတ်လိုက်တာ ... လွန်ပါရော ...။ ။


No comments:

Post a Comment